အရမ်းလှလွန်းတဲ့ ယာဉ်မောင်းသူလေးကြောင့် ယာဉ်တိုက်မှုကို လျစ်လျုရှုပေးရတဲ့အထိ ဖြစ်ပွားခဲ့ရ


ယာဉ်တိုက်မှုတွေ ဖြစ်ပွားရပြီဆိုရင်တော့ အတော်လေးကို စိတ်ညစ်စရာကောင်းလှပါတယ်။ ကံကောင်းထောက်မလို့ သေဆုံးထိခိုက်မှု မရှိဘူးဆိုရင်တောင်မှ မောင်းနှင်လာတဲ့ ကားကတော့ အနည်းနဲ့အများ ပျက်ဆီးသွားတတ်ကြပါတယ်။

ဒါပေမယ့် ကားအတိုက်ခံလိုက်ရသူ အမျိုးသားတစ်ဦးကတော့ သူရဲ့ကားကို ဝင်တိုက်ခဲ့တာကြောင့် စိတ်မဆိုးနိုင်ပဲ အမှုဖွင့် အရေးယူခဲ့ခြင်းတောင် မပြုလုပ်ခဲ့ပါဘူး။

အကြောင်းအရင်းကတော့ ကားနဲ့ဝင်တိုက်မိလိုက်တဲ့ ယာဉ်မောင်းမှာ မထင်ထားလောက်အောင်ကို လှပနေလို့ပါပဲ။ ထိုအမျိုးသမီးဟာ ဖရာရီကားအနီရောင်ကို တရုတ်နိုင်ငံ ဂွမ်ဒေါင်မြို့ Xunliao ပင်လယ်အော်တလျောက်မှာ မောင်းနှင်လာတုန်း အဖြူရောင်ဟွန်ဒါကားတစ်စီးကို မတော်တဆ ဝင်ရောက်တိုက်မိသွားခဲ့တာဖြစ်ပါတယ်။

ကားနဲ့အနောက်ကနေ အတိုက်ခံလိုက်ရတဲ့ ဟွန်ဒါကားပိုင်ရှင်က ဒေါသတကြီးနဲ့ ဆဲဆိုကျိန်းမောင်းမှုတွေပြုလုပ်ပြီး ကားထဲက ထွက်လာခဲ့ဖို့ ပြောဆိုပါတော့တယ်။ ဒါပေမယ့် ဖရီရာကားရဲ့ပိုင်ရှင် အမျိုးသမီးမှာ ထိုအမျိုးသားကို ကြောက်လှန့်နေတာကြောင့် ကားထဲမှာ ထွက်မလာရဲခဲ့ပါဘူး။

ဒီအချိန်မှာ ရဲများရောက်လာပြီး ဖရာရီယာဉ်မောင်းကို ကားထဲကနေ ထွက်လာဖို့ အမိန့်ပေးပါတော့တယ်။ ဖာရာရီကားထဲက အရမ်းလှပတဲ့ အမျိုးသမီးငယ်လေး ထွက်လာချိန်မှာတော့ ကားအတိုက်ခံရလို့ စိတ်ဆိုးဒေါသထွက်နေတဲ့ ဟွန်ဒါကားပိုင်ရှင်ဟာ အံသြမှင်သက်သွားတဲ့အပြင် ကြောက်ရွှံမျက်နှာငယ်နေရတဲ့ မိန်းမပျိုလေးကို သနားသွားခဲ့ပြီး အမှုဖွင့်မှုမပြုပဲ လျော်ကြေးအနည်းငယ်နဲ့သာ ကျေအေးပေးခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။

By STH ( HtooDaily.com )

---------------------

Tai Digital Team မှ စီစဉ်တင်ဆက်သော HtooDaily.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments

log in

reset password

Back to
log in