ရေခဲရေ အသောက်များခြင်းကြောင့် ဘာဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ


( ၁ ) နှလုံးခုန်နှုန်း နှေးကွေးသွားခြင်း

ရေခဲရေတွေ အသောက်များခြင်းဟာ နှလုံးခုန်နှုန်းကို နှေးကွေးသွားစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လည်ချောင်းရဲ့အနောက်ဘက်မှာရှိတဲ့ vagus နဗ်ကြောကို သွားပြီးအကျိုးသက်ရောက်စေလို့ပါပဲ။ ဒါကြောင့် ရေခဲရေ အများအပြား သောက်သုံးမိချိန်မှာ နှလုံးခုန်နှုန်းက ပုံမှန်ထက်ပိုနှေးသွားပြီး ခန္ဓာကိုယ်အပူချိန် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့အခါမှသာ နှလုံးခုန်နှုန်းလည်း ပုံမှန်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။

( ၂ ) ခေါင်းကိုက်စေခြင်း

ရေခဲမုန့်လို အေးမျှလွန်းတဲ့ အစားအစာတွေ စားသုံးတဲ့အခါမျိုးမှာ ခေါင်းထဲကျင်ခနဲနေအောင် ဝေဒနာမျိုး ခံစားဖူးသူတွေ ရှိတတ်ပါတယ်။ ဒီလိုလူမျိုးတွေအနေနဲ့ ရေခဲရေကို ရှောင်ကြဉ်သင့်ပါတယ်။ ရေခဲရေကို သောက်သုံးလိုက်တဲ့အခါ ကျောရိုးထဲမှာရှိတဲ့ အာရုံခံနဗ်ကြောတွေကို ချမ်းစိမ့်စေတဲ့ အသိတစ်မျိုးကို ပေးပို့နိုင်ပြီး ထိုမှတစ်ဆင့် ဦးနှောက်ဆီကို ဆက်လက်ပေးပို့မှုပြုလုပ်ကာ ခေါင်းကိုက်ဝေဒနာကို ခံစားရလာတာဖြစ်ပါတယ်။

( ၃ ) အဆီပိုတွေ ဖြစ်လာစေခြင်း

ရေခဲရေသောက်များခြင်းက ဝိတ်ချဖို့နည်းလမ်းကောင်းတစ်ခုဖြစ်သလို ခန္ဓာကိုယ်အတွင်းရှိ ကယ်လိုရီတွေကို များစွာလောင်ကျွမ်းစေဆိုတာ တကယ်တော့ လုံးဝမှားယွင်းပါတယ်။ တကယ့်လက်တွေ့ သက်ရောက်မှုက ဆန့်ကျင့်ဘက်ပါ။ ရေခဲရေ အသောက်များများခြင်းကြောင့် ခန္ဓာကိုယ်အတွင်း အေးမျှသွားစေပြီး ထိုအေးမျှမှုကြောင့်ပဲ အဆီတွေ ပိုစုလာနိုင်ကာ အစာခြေစနစ်ကို ပိုမိုခက်ခဲစေလာနိုင်ပါတယ်။

( ၄ ) စွမ်းအင်ကုန်ခမ်းခြင်း

ရေခဲရေအေးအေးလေးကို မောပန်းနေချိန်မှာ သောက်သုံးလိုက်ရပြီဆိုရင် ချက်ချင်းကို လန်းဆန်းသွားတယ်လို့ လူတိုင်းနီးပါး သတ်မှတ်ထားကြပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် ဒါက တိုတောင်းတဲ့ကာလပါပဲ။ တကယ်တော့ ရေခဲရေသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်တွေဟာ ယုတ်လျော့သွားစေပါတယ်။

ဘာကြောင့်လဲဆိုတော့ သောက်လိုက်တဲ့ ရေအေးကို ခန္ဓာကိုယ်အတွင်းမှာ လက်ခံနိုင်ဖို့အတွက် နွေးသွားအောင် ပြုလုပ်ပေးရတာဖြစ်ပြီး ထိုသို့ပြုလုပ်ပေးချိန်မှာ ကိုယ်အတွင်းရှိ အပူချိန်တချို့ပါ ဆုံးရှုံးသွားရလို့ အားအင်လျော့နည်းသွားရတာဖြစ်ပါတယ်။

By STH ( HtooDaily.com )

---------------------

Tai Digital Team မှ စီစဉ်တင်ဆက်သော HtooDaily.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments

log in

reset password

Back to
log in