မနက်ဖြန် တနင်္လာနေ့ ကျောင်းဖွင့်ပြီ သား ကျောင်းသွားရမှာလို့ ပြောသတဲ့ ….


စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နောင်ပိုအောင်ကျေးရွာ အထကမှ သတ္တမတန်း ကျောင်းသားလေး မောင်ညီဖုန်းခန့်ဟာ မနေ့က မနက်ပိုင်း သူ့အဖေ နဲ့ သူ့အဖွားလေးကို သားတို့ စာမေးပွဲ နီးပြီ တဲ့ ၂၀၁၈ ဖေဖော်ဝါရီ (၇) ရက်နေ့ဆိုရင်အတန်းတင် စာမေးပွဲ စစ်တော့မှာ ဆိုတော့ ဒီနေ့ တနင်္ဂနွေမနက်ဖြန်ဆိုရင် တနင်္လာ ကျောင်းဖွင့်ပြီမနက်ဖြန် သား ကျောင်းသွားရမှာလို့ ပြောသတဲ့ ဒီတော့ သူ့အဖေက…သား ခြေထောက် နာနေတယ်ဆိုတော့အဖေ ကျောပိုးပြီး ကျောင်းကိုပို့ပေးရုံပေါ့အေး ဆိုပြီး ပြန်ပြောလိုက်သတဲ့။

ညနေကျတော့ … ဆုံးပြီ ဒီနေ့ (၅) ရက် တနင်္လာနေ့ ကျောင်းဖွင့်တော့သူ့အဖေက သူ့သားကို ကျောပိုးပြီး ကျောင်းကိုလိုက်မပို့လိုက်ရပဲနဲ့ ဘုန်းဘုန်းတို့နဲ့ သူ့ မိဘ ဆွေမျိုး အသိုင်းအဝိုင်းဆရာ/ဆရာမ သူငယ်ချင်း အပေါင်းအသင်းတွေက်ပို့လိုက်ရတာ နာရေးကူညီမှုအသင်းကနိဗ္ဗာန်ယာဉ်နဲ့ သုဿန်ကို ဖြစ်သွားခဲ့တယ်။

ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကအမြင့်ပေါ်က ခုန်ချပြီး အခန့်မသင့်လို့ခြေထောက် နာသွားရာကနေ …ဓာတ်​မှန်​ ရိုက်​ကြည့်​​တော့ခြေမျက်စေ့ (Angle) နားလေးအရိုး အက်သွားတာ ဆိုပြီး စားဆေး လိမ်းဆေးနဲ့ ကုသရာ ဒုတိယအကြိမ် ဆရာဝန်ဆီပြန်လို့ သွားမပြရသေးခင် … မနေ့ ညနေပိုင်းသား ဗိုက်ထဲ နာနေသလိုပဲဆိုပြီး ဖြစ်ရာကကျင်ငယ်စွန့်ဖို့ သားအဖနှစ်ယောက် တွဲပြီးရေအိမ်အသွား ရုတ်တရက် သတိလစ် သွားတာနဲ့သတိ ပြန်မည်လာတော့ပဲ အသက်ပါဆုံးပါးသွားပါတော့တယ်။

သူ့ အဖေ ပြောတာတော့ …ဆရာဝန်ကလည်း မေးတယ်သား ဘယ်မှာ နာသလဲ နာတဲ့နေရာဆရာ့ကို အကုန် ပြောပြ ပျောက်အောင်ကုပေးမယ် ဘာမှ အားမငယ်နဲ့ လို့ဆရာ မေးတဲ့အချိန်ခြေထောက်ပဲ နာတာလို့ ပြောသတဲ့ဗိုက်ထဲက ဘာဖြစ်တယ် ဘယ်လိုခံစားရတယ်ဆိုတာ ဘာမှမပြောဘူးတဲ့ ဗိုက်တို့ ခေါင်းတို့ နာတယ်လို့ မပြောတော့ခြေထောက်နာတာ ရိုးရိုးပဲထင်နေခဲ့တာပေါ့လို့ သူ့အဖေ ရင်နင့်စွာ ပြောရှာတယ် အခုတော့ .. သားတစ်ယောက်ကို ရင်းပြီးသူ့အဖေ သင်ခန်းစာ ရလိုက်ပြီပေါ့….

By Nang May Ei (HtooDaily.com)

---------------------

Tai Digital Team မှ စီစဉ်တင်ဆက်သော HtooDaily.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments

log in

reset password

Back to
log in