ထီပေါက်ပြီး ထီလက်မှတ်ပျောက်ခဲ့သူ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားခဲ့


ထီဆုမဲကြီးပေါက်ခြင်းက လူတစ်ယောက်ရဲ့ဘဝကို လုံးဝပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့်လည်း လူတိုင်းနီးပါးက လတိုင်းလိုလို ထီကံစမ်းနေကြတာဖြစ်ပါတယ်။ တကယ်လို့များ သင်က ထီပေါက်ခဲ့တယ်ပဲဆိုပါစို့ဗျာ။ မမျှော်လင့်ပဲ သင်ရဲ့ထီလက်မှတ်က ပျောက်နေခဲ့မယ်ဆိုရင် သင်ဘာလုပ်မလဲ။

အသက် ၄၂နှစ်အရွှယ်ရှိတဲ့ ထိုင်းနိုင်ငံသား Jirawut Pongphan ကတော့ စတာလင်ပေါင်တစ်သန်း တန်ကြေးရှိတဲ့ ထိုင်းထီဆုမဲကို ကံထူးသွားခဲ့တာဖြစ်ပေမယ့် ကံဆိုးစွာနဲ့ပဲ သူရဲ့ထီလက်မှတ်က ပျောက်ဆုံးသွားခဲ့ရပါတယ်။

သန်းကြွယ်သူဌေး ဖြစ်သွားခဲ့ပြီဆိုတဲ့အပျော်နဲ့ Jirawut Pongphan ဟာ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေ အိမ်ကိုခေါ်ဆောင်ပြီး ပါတီပွဲကြီးတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။ သူရဲ့ကံဆိုးမှုဟာ ပါတီအပြီး နောက်တနေ့ မနက်ခင်းမှာ ဖြစ်ပေါ်လာခဲ့ပြီး သူ့ဘဝကို ပြောင်းလဲပေးမယ့် သန်းဆုတန် ထီလက်မှတ်ကြီးက ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရပါတယ်။

သန်းကြွယ်သူဌေး ဖြစ်လာတော့မယ်ဆိုတဲ့ အတွေးတွေပင် သိပ်မကြာညောင်းသေးခင်မှာပဲ အခုလို ထီလက်မှတ် ရုတ်တရက် ပျောက်ဆုံးသွားခြင်းကို ဘယ်လိုမှ လက်မခံနိုင်ပဲ အဆုံးမှာတော့ သေနတ်တစ်လက်နဲ့ပဲ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ Jirawut Pongphan ဟာ 9mm ရှိတဲ့ သေနတ်နဲ့ အဆုံးစီရင်ခဲ့တာဖြစ်ပြီး ” ကျွန်တော် လုံးဝတောင်းပန်ပါတယ်။

ကျေးဇူးပြုပြီး ကျွန်တော့်မိသားစုတွေကို မလှောင်ပြောင်ကြပါနဲ့။ ကျွန်တော် ထီဆုကို တကယ်မပေါက်ခဲ့ပါဘူး ” လို့ ရေးသားထားတဲ့ သေတမ်းစာလေးကို ရေးသားသွားခဲ့တယ်လို့ မှုခင်းအရာရှိတစ်ဦးက ပြောဆိုသွားခဲ့ပါတယ်။

Jirawut Pongphan ဟာ အခုလို ကံဆိုးစွာနဲ့ ဘဝထဲကနေ စွန့်ခွာသွားရခင် ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်က ထိုင်းဘတ်ငွေ ကိုးသိန်းခွဲလောက်အထိ ကံထူးခဲ့ဖူးပါသေးတယ်ခင်ဗျာ။

By STH ( HtooDaily.com )
 

---------------------

Tai Digital Team မှ စီစဉ်တင်ဆက်သော HtooDaily.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments

log in

reset password

Back to
log in