သေဆုံးသွားခဲ့တဲ့ သတို့သားရုပ်အလောင်းနဲ့လက်ထပ်တဲ့ သတို့သမီး လေးရဲ့သနားစရာမင်္ဂလာဆောင်ပွဲ


ထိုင်းနိုင်ငံတွင် သေဆုံးသွားခဲ့တဲ့ သတို့သားလောင်းရဲ့ ရုပ်အလောင်းနဲ့ လက်ထပ်ထိမ်းမြားတဲ့ မိန်းကလေးတစ်ဦးရဲ့ မင်္ဂလာဆောင် အခမ်းအနားကို တက်ရောက်ကြတဲ့ ဧည့်သည်တွေတိုင်း ၀မ်းနည်းမျက်ရည်နဲ့ ကြေကွဲဝမ်းနည်းခဲ့ကြရတာကို တွေ့ရပါတယ်။

နန်သီပရက်ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ချစ်သူတို့ နှစ်ဦးက သူတို့ရဲ့လက်ထပ်ပွဲကို လွန်ခဲ့တဲ့လအနည်းကမှ စီစဉ်ထားကြောင်း သိရသည်။ သို့သော် ချစ်သူကောင်လေးက နှလုံးရောဂါနဲ့ ရုတ်တရက်သေဆုံးသွားခဲ့တာကြောင့် သူမတို့ရဲ့ ပျော်ရွှင်စရာ စိတ်ကူးကလေး ပျက်စီးသွားခဲ့ရတာ ဖြစ်ပါတယ်။

ထို့ကြောင့် ကာင်မလေးက ချစ်သူသေဆုံးသွားခဲ့သော်လည်း သူမတို့ရဲ့စိတ်ကူးလေးကို အကောင်ထည်ဖော်နိုင်ဖို့ ချစ်သူရဲ့ ရုပ်အလောင်းနဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး သူမကိုယ်တိုင်လည်း သတို့သမီးဝတ်စုံဝတ်ပြီး ချစ်သူကိုလည်း သတို့သားဝတ်စုံဝတ်ပေးကာ မင်္ဂလာဆောင်ပွဲကို ကျင်းပခဲ့ပါတယ်။

ခုလို ကြေကွဲဝမ်းနည်းစရာ မင်္ဂလာဆောင်ပွဲကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။

By Nang May Ei (HtooDaily.com)

---------------------

Tai Digital Team မှ စီစဉ်တင်ဆက်သော HtooDaily.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments

log in

reset password

Back to
log in