ကမ္ဘောဒီးယားရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ သရဲကားရိုက်ရင်း သရုပ်ဆောင်တစ်ဦးကို သရဲပူးကပ်ခဲ့


မကြာသေးခင်က အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့တဲ့ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်က အတော်လေးကို ကြောက်လန့်စရာပါပဲ။ ကမ္ဘောဒီးယားနိုင်ငံက ရုပ်ရှင်ရိုက်ကွင်း တစ်ခုပေါ်မှာ သရဲတစ္ဆေဇာတ်ကောင်နဲ့ အမူအရာ သရုပ်ဆောင်မှုတစ်ခု မှာ တကယ့်အပြင် ပရလော ကသားတစ်ဦးက သရုပ်ဆောင်ခန္ဓာကိုယ်အတွင်း ပူးကပ်ခဲ့လို့ ရိုက်ကွင်းကလူတွေအားလုံးကို ကြောက်လန့် သွားစေခဲ့ပါတယ်။

သရဲဇာတ်ရုပ်အတိုင်း ပြင်ဆင်ထားပြီး ထိတ်လန့်စရာကောင်းတဲ့ ရိုက်ကွက်အတွက် ပြင်ဆင်ရင်းနေ ရာမှ ဒီလိုမျိုး ပရလောကသားတစ် ဦးရဲ့ ပူးကပ်ခြောက်လှန့်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဇာတ်အဖွဲ့ နဲ့ ရိုက်ကွင်းက လူတွေအားလုံးမှ သရုပ်ဆောင်ရဲ့ ခန္ဓာကိုယ်အတွင်းမှ ပြန်လည်ထွက်ခွာပေးဖို့ တောင်း ဆို ပြောပေးခဲ့ကြသော်လည်းပဲ ပရလောကအမှောင့်သားမှ တော်တော်နဲ့ကို မထွက်ပဲ ထိတ်လန့်စရာ ကောင်းတဲ့ အမူအရာတွေနဲ့ ဆက်လက်ရှိနေပြီး ပူးကပ်သူကို တိုက်ခိုက်တာမျိုးတွေ၊ ရန်လိုတာမျိုး တွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီ့အတွက်ကြောင့် နားလည်တတ်ကျွမ်းသူတွေနဲ့ အမှောင့်လောက သရဲတစ္ဆေတွေနှင်တဲ့သူတွေ ခေါ်ပြီးတော့ တောင်းပန်ချော့မော့ကာ ပြန်လည်ထုတ်ခဲ့ရာမှ သရုပ်ဆောင်ကိုယ်အတွင်း ပူးကပ်နေတဲ့ ပရလောကဝိဥာဉ်မှ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ တကယ်တော့ အဆိုပါ ဇာတ်ကားနဲ့ ဇာတ် ကောင်ရုပ်ရှင်ရိုက်ကွင်းနေရာကဆိုရင် ပရလောက၊ ဝိဥာဉ်တွေ နေထိုင်ပြီးတော့ သရဲစီးနိုင်တဲ့ နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

By Nang May Ei (HtooDaily.com)

---------------------

Tai Digital Team မှ စီစဉ်တင်ဆက်သော HtooDaily.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments

log in

reset password

Back to
log in