ဒီပို့စ်လေးကို ကျော်မသွားပါနဲ့  ကိုယ်မလှူနိုင်ပေမဲ့လည်း အလှူရှင်များထံ ရောက်ရှိစေရန် လက်ဆင့်ကမ်း Share ပေးကြပါ


ဒီပို့စ်လေးကို ကျော်မသွားပါနဲ့  ကိုယ်မလှူနိုင်ပေမဲ့လည်း အလှူရှင်များထံ ရောက်ရှိစေရန် လက်ဆင့်ကမ်း Share ပေးကြပါ။

အသက် ၁၀ လပဲရှိသေးတဲ့ သားလေး ဘုန်းမြတ်သူဟာ အရေပြားကင်ဆာဆိုးနဲ့ ခံစားနေရပါတယ်။ ဒါပေမယ့် ကံဆိုးရှာတော့ အရေပြားကင်ဆာဝေဒနာကို ဆိုးရွှားစွာခံစားနေရပါတယ်။ ကင်ဆာဆဲလ်တွေကြောင့် အသည်းကိုလဲ ထိခိုက်နေရှာပါတယ်။

အမေဖြစ်သူက ရွှေဘိုခရိုင်၊ ဒီပဲရင်းမြို့နယ် မူကန်းကြီးရွာက ရက်ကန်းခတ်စားရသူမို့ ဆင်းရဲရှာပါတယ်။ ဒါပေမယ့် သားလေး ရောဂါဝေဒနာခံစားနေရတာမကြည့်ရက်လို့ အဖေဖြစ်သူက အိမ်ကနွားလေးရောင်းချပြီး ရွှေဘိုဆေးရုံမှာစကုပါတယ်။ နောက်တော့ကုတင်၃၀၀ကလေးဆေးရုံဟောင်း ဖျားနာဆောင် ၂ ကိုရောက်လာပါတယ်။

အခုတော့ ပါသမျှပိုက်ဆံလဲနည်းသွားပြီမို့ သားလေးဆေးဆက်လက်ကုဖို့ဆေးရုံမှ ဆရာမကြည်ဖြူထွန်းမှအကူအညီတောင်းလာတာကြောင့် စေတနာရှင်အလှုရှင်များအကူအညီပေးကြပါဦး။

အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက ဆက်သွယ်ရန် ONETOONE ပြည်သူ့ကူညီရေးအဖွဲ့မန္တလေးမြို့ ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈ ၊ မောင်လူပျော် ဖုန်း ၀၉၄၀၂၅၇၇၁၄၃။

By Nang May Ei (HtooDaily.com)

---------------------

Tai Digital Team မှ စီစဉ်တင်ဆက်သော HtooDaily.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments

log in

reset password

Back to
log in