ရုပ်ချောတဲ့သူဆိုရင် အလကားကျွေးတဲ့ စားသောက်ဆိုင်


တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်ဟာ ရုပ်ချောသူတွေကို အလကားကျွေးလျက်ရှိပါတယ်။ ဒီဆိုင်ဟာ လာရောက်စားသောက်သူတွေထဲက ရုပ်ချောသူအယောက် ၅၀ ကိုရွေးချယ်ပြီး နေ့စဉ် အလကားကျွေးနေတာ ဖြစ်ပါတယ်။

ဆိုင်လာသူတွေဟာ ဆိုင်ထဲက စက်တစ်ခုမှာ မျက်နှာကို စကင်ဖတ်ရပါတယ်။ ပလတ်စတစ်ဆာဂျရီ ဆေးရုံမှာလုပ်တဲ့ အထူးကျွမ်းကျင်သူတွေက မျက်နှာတွေကိုကြည့်ပြီး ရုပ်ချောသူ ဟုတ်မဟုတ် ဆုံးဖြတ်ပေးပါတယ်။

ရုပ်ချောသူဆိုရင်တော့ ထမင်းအလကား စားရမှာဖြစ်ပါတယ်။ ဒီဆိုင်ဟာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟင်နန်ပြည်နယ် ကျင်ကျိုးမြို့က စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိပြုလုပ်နေတဲ့ ရုပ်ချောသူအလကားစား အစီအစဉ်ဟာ ဇန်နဝါရီ ၁၀ ရက်ကနေ ဖေဖော်ဝါရီ ၉ ရက်နေ့ထိပဲလို့ဆိုပါတယ်။

By Nang May Ei (HtooDaily.com)

---------------------

Tai Digital Team မှ စီစဉ်တင်ဆက်သော HtooDaily.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments

log in

reset password

Back to
log in