ဖုန်းနဲ့မျှားခေါ်ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်လေးကို မုဒိမ်းကျင့်


ပြီးခဲ့တဲ့ ဖဖော်ဝါရီလ ၉ ရက်နေ့  ညနေ ၄:၃၀ ခန့် အချိန်တွင် နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့ ​ရွှေချီရပ်​ကွက်​ နယ်​​မြေ ၂ စဉ့်​အိုးဘိုရပ်​ အဖ ဦးစိုးမင်းဦး ဒေါ်စန္ဒာသိန်း တို့ ၏ သား နိုင်းငယ်​ မှ အသက် ၅ နှစ်အရွယ် မချိုဇင်လေးကို မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ ကလေးက ဖုန်းမြင်ရင် မနေနိုင်ဘူး ကြည့်ချင်တယ်၊ ဆော့နေရင် ပျောက်သွားတော့ ၊လိုက်ရှာရာ အိမ်နားနီးချင်း ဖြစ်တဲ့ ဒေါ်စန္ဒာသိန်းအိမ်က ပြန်တွေ့ တယ်။ ပြန်တွေ့ တော့ ပေါင်ကွနေတာ မြင်ရတော့ ဆီးသွားချင်တယ်ထင်လို့ မိခင်က သမီးကို ဆီးတည်ပေးပါတယ်။ ကလေးက စပ်တယ်လို့ပြောတော့ မနက်ပိုင်းက ခရမ်းချည်သီးဟင်း ချက်ကျွေးလို့ ကလေးတစ်ခုခု ဖြစ်တာလို့ မိခင်က ထင်နေတာ။ ဒါနဲ့ကလေးဘောင်းဘီးကို ချွတ်ကြည့် လိုက်တော့မှ ကလေး အင်္ဂါဟာရောင်နေပြီး ၊ ဘောင်းဘီ အပါအဝင်ကလေးရဲ့ မိန်းမကိုယ်နှင့် ပေါင်တွေမှာ သုတ်သွေးတွေ တွေ့ရှိခဲ့ရပါတယ်လို့ ဆိုပါတယ်။

ကလေးကို မေးကြည့်ရာ နိုင်းငယ်​က သူမပါးစပ်ကို ပိတ်တယ်၊ ကိုင်တယ်၊ လက်ညိုး နဲ့လဲထိုးတယ်၊ ပြီးတော့ တံတွေးစွတ်တယ်လို့  ကလေးကပြောတော့မှ မုဒိမ်းကျင့်ခံမှန်း သိရလိုက်ရပြီး နိုင်ငယ်ကို အမှုဖွင့်တိုင်တန်းလိုက်ပါတယ်။

လက်ရှိမှာတော့ အဆိုပါ နိုင်းငယ်ကို ၆၈/၂၀၁၈ ၃၇၆-၁၁၅ ပျဉ်းမနားမြို့မစခန်းမှာ ဖမ်းထားပြီလို့ သတင်းရရှိသည်။

By Nang May Ei (HtooDaily.com)

---------------------

Tai Digital Team မှ စီစဉ်တင်ဆက်သော HtooDaily.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments

log in

reset password

Back to
log in