မိတ်လိုက်နေသော ဧရာမ စပါးကြီး မြွေနှစ်ကောင်ကို ဝိုင်းသတ်ဖြတ်ပြီး ချက်စားဖို့ ယူသွားတဲ့ ရွာသားများ


မလေးရှားနိုင်ငံမှာ ဧရာမ စပါးကြီးမြွေကြီးတစ်ကောင်နဲ့ နောက်ထပ် ပေ ၂၀ အရှည်ရှိတဲ့ မြွေမကြီးတစ်ကောင်နဲ့ မိတ်လိုက်နေစဉ် ဖမ်းဆီးရရှိခဲ့ကြောင်း Mirror က ဖေဖော်ဝါရီ ၁၃ မှာ ဖော်ပြထားပါတယ်။

ဒေသခံတွေက မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းမှာ အဆိုပါမြွေကြီးနှစ်ကောင်ကို ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသခံများက လဲကျနေသော သစ်ပင်တစ်ခုအတွင်းမှ ထူးဆန်းသောအသံများ ထွက်ပေါ်လာ၍ စစ်ဆေးကြည့်ရာမှာ ဆာရ၀ပ်ဒေသ အစွန်အဖျားပိုင်းမှာ အရသာရှိသော တန်ဖိုးကြီးအစားအစာအဖြစ် သတ်မှတ်ခံထားရတဲ့ စပါးကြီးမြွေကြီးများ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

ရွာသားများက သစ်ပင်ရဲ့ အခေါက်ခွံကို လွှစက်များနဲ့ ဖြတ်တောက်ခွာခဲ့ကြပြီးနောက် လူပေါင်းများစွာက ဧရာမ မြွေကြီးနှစ်ကောင်ကို ဆွဲထုတ်လျက် အသေပစ်သတ်ခဲ့ကြပါတယ်။ အဆိုပါမြွေကြီးနှစ်ကောင်ကို ထရပ်ကားနဲ့ သယ်ဆောင်သွားခဲ့ကြပြီး ညစာချက်ပြုတ် စားသောက်မယ်လို့ သိရကြောင်း Mirror က ဆိုပါတယ်။

By Nang May Ei (HtooDaily.com)

---------------------

Tai Digital Team မှ စီစဉ်တင်ဆက်သော HtooDaily.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments

log in

reset password

Back to
log in