သမ္ဗုဒ္ဓေဂါထာလေး အကြောင်း မသိသူတွေအတွက် ဗဟုသုတအဖြစ် ပြောချင်ပါတယ်။ သမ္ဗုဒ္ဓေဂါထာတော်က ၂၇ ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင် နေမရတော့ပါဘူး၊ ပြိတ္တာကတော့ ဂါထာအစ ကြားတာနဲ့ တစ်ချိုးတည်း လစ်ပြေးပါတယ်။

ကျောင်းထိုင် ပြတ္တာကြီးတွေ အခြားဂါထာတွေ ပရိတ်တွေ လိုက်ဆိုပြနိုင်ပေမယ်သမ္ဗုဒ္ဓေစရွတ်တာနဲ့ လစ်ပြေးတာပါပဲ၊ ပြေးတဲ့နောက်က လိုက်ရွတ်၊ သူကိုယ်ရောင် မဖျောက်ပြေး နိုင်ပါဘူး၊ သမ္ဗုဒ္ဓေဂါထာတော် တစ်နေ့ တစ်ထောင်မက ရွတ်ရင် နတ်တွေ တိမ်ကြားမင်းတွေထက်တောင် ဘုန်းကြီးလာနိုင်ပြီး စိတ်ကတောင်းတရင် သူတို့တွေ ကောင်းကောင်း နေမရပါဘူး၊ လိုက်ဖြည့်ဆည်းပေး ရပါတယ်။

သမ္ဗုဒ္ဓေဂါထာတော်ဟာ နေမင်းကြီးနဲ့ တူပါတယ်၊ သဲစုမက ဘုရားတွေ ရှိခိုးရတာကြောင့် အရမ်းအစွမ်းထက်ကြောင်း အနည်းငယ် ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်။

သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သော ဘုရားရှင်၊ ငါးသိန်းသော ဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်) တို့ကို ဦးခေါင်းဖြင့် ရိုသေစွာ ရှိခိုးပါ၏။

(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။

ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာ နည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူ ဘုရားရှင် တို့ကား အဆုံးမရှိကုန်။ ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာ ရှိခိုးပါ၏။

(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေက အန္တရာယာပိ၊ ဝိနာသန္တု အသေသတော။

ရှိခိုးရသည့် အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ် များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။

Credit : သမ္ဗုဒ္ဓေ ဘယ်ကရ

တစ်ခုခု ပြောခဲ့ပါဦး

comments