ဆီးချိုရောဂါကို (Diabetes)လို့ခေါ်ဆိုပါတယ်။

ဘာ့ကြောင့် ဆီးချိုရောဂါ ဖြစ်တည်လာရသလဲဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အင်ဆူလင်ဟော်မုန်းဓာတ်(Insulin hormone)လျော့နည်းကျဆင်းလာပြီး သွေးထဲမှာ သကြားဓာတ်၊အချိုဓာတ် မြင့်တက်လာရခြင်းကြောင့်ဖြစ်တယ်။

ဒီရောဂါက အစောအလျင် ကုသမှသာ အမြန်သက်သာပျောက်ကင်းပါလိမ့်မယ်။

ဆီးချိုရောဂါ ဖြစ်နေမှန်းသိနေလျှက်နဲ့ပေါ့ဆစွာနေထိုင်ရင်ဖြင့် အခြားသော ကူးဆက်အနာများကျရောက်တတ်ပြီး ခြေ၊လက်များ ဖြတ်တောက်ပြစ်ရသည့်အခြေအနေဆိုးနှင့်ရင်ဆိုင်တွေ့ကြုံနိုင်ပြီး အသက်အန္တရာယ်လည်းထိ့ခိုက်လာနိုင်ပါတယ်။

ဆီးချို ရောဂါအတွက် အင်္ဂလိပ်ဆေး၊ဗမာဆေးနှင့်သဘာဝကုထုံးတွေအများကြီးရှိပါတယ်။

မလေးရှားနိုင်ငံသားအများစုက ဆီးချိုရောဂါ အတော်များများဖြစ်ကြတယ်ခင်ဗျ။ဆီးချိုရောဂါကို မလေးဘာသာဖြင့် ကင်ကြင်းမန်းနစ်စ်(kencing manis)လို့ ခေါ်ဆိုပါတယ်။ဆီးချိုရောဂါဖြစ်ရသည့်အကြောင်းအရင်က အချိုဓာတ်ရှိတဲ့အစားအစာနှင့်နို့ဆီပါဝင်မှုများတဲ့ လဘ်္ဘရည်၊ကော်ဖီ အသောက်များခြင်းကြောင့်လည်းဖြစ်ပါတယ်။

ကျွန်တော်အခုဖော်ပြပေးချင်တာ ဆီးချိုရောဂါကျတဲ့ဆေးအကြောင်းပါ။ဆီးချိုပျောက်တဲ့ဆေးလို့ မဆိုလိုပါဘူး။စကားပြောလွန်လို့မရဘူး..ဘာဖြစ်လို့လည်းဆိုတော့ မပျောက်ပဲနဲ့ပျောက်ပါတယ်လို့မပြောချင်လို့ပါ။ဆီးချိုကျဆေး၊ဆီးဆိုပျောက်ဆေးတွေက လိုင်းပေါ်မှာဖော်ပြပေးထားတာကအများကြီးပါ။ကံကောင်းရင်လည်းပျောက်သွားနိုင်တယ်။

မလေးရှားနိုင်ငံသားတွေရဲ့ ဆီးချိုကျဆေးဟာ သံပုရာသီး ဆားရေစိမ့်ခင်ဗျ။သဘာဝ သံပုရာသီးစစ်စစ် (၁၀)လုံးကို ရေသန့်စင်အောင်ဆေးကြောပြီး ဖန်ပုလင်းသန့်သန့်ထဲကိုထည့်၍ အိမ်သုံးဆား(သံပုရာသီးတစ်လုံးစာခန့်)ရောထည့်ပြီး ရေနစ်မြုပ်ရုံမျှထည့်ကာ သံပုရာသီးများ နွမ်းလျပျော့ဖတ်သွားသည်အထိ့ နေလှန်းအပူပေးပြီး ၄င်းဆားရေစိမ်သံပုရာသီးကို ဆီးချိုကျဆေးအဖြစ်စားသုံးကြပါတယ်။

မိတ်ဆွေတို့အနေဖြင့် ကျွန်တော်ပေးတဲ့ဆေးနည်းကို ယုံကြည်မှသာလျှင် ကိုယ်တိုင်ပြုလုပ်စားသုံးကြည့်ပါ။

လေးစားစွာဖြင့်…

တစ်ခုခု ပြောခဲ့ပါဦး

comments