မျက်လုံးများ နီမြန်းပြီး မျက်စိနာခြင်းက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အခုလို သင်္ကြန်မိုးရွာလိုက်၊ နေခြစ်ခြစ်တောက်ပူလိုက် ဖြစ်နေတဲ့အချိန်မှာ ပိုအဖြစ်များပါတယ်။ မျက်စိနာရောဂါက ကူးစက်တတ်တဲ့ ရောဂါ တစ်မျိုးပါပဲ။ မျက်စိနာရခြင်းရဲ့ အကြောင်းအရင်း များစွာ ရှိတဲ့ အထဲကမှ ဘတ်တီးရီးယား ပိုမွှားများကြောင့် အဖြစ် များတာကို တွေ့ရပါတယ်။ သင်္ကြန်ရေပက်ခံ ထွက်တဲ့အခါ ရေကတစ်ဆင့် ပါဝင်လာတတ်တဲ့ ဘတ်တီးရီးယား ပိုးမွှားများ မျက်လုံးထဲကို ဝင်ရောက်သွားတဲ့အခါ မျက်စိနီမြန်းခြင်း ဖြစ်လာတတ်ပါတယ်။ ရာသီဥတုအပြောင်းအလဲ ကြောင့်လည်း ဖြစ်တတ်တာကြောင့် အထူးဂရုပြုသင့် ပါတယ်နော်။

မကြာခဏဆိုသလို မျက်စိနီနေမယ် ဆိုရင်တော့ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့်ပဲ ဖြစ်ပါတယ်။ သေချာ ဂရုမစိုက်ဘူးဆိုရင် အချိန်ကြာလာတာနဲ့ အမျှ အာရုံကြော ထိခိုက်နိုင်သည် အထိ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့ကြောင့် မျက်စိနီလာပြီ ဆိုရင် မပေါ့ဆသင့်ပါဘူး။ မျက်စိနီပြီး ခေါင်းကိုက်လာတာ၊ ပင်ပန်းနွမ်းနယ် လာတာတွေက ကျန်းမာရေးချို့တဲ့ မှုကို ဖော်ပြနေတာကြောင့် ကျန်းမာရေး စစ်ဆေးချက်များ အမြန်ဆုံး ပြုလုပ်သင့်နေပါပြီ။

တချို့က မျက်လုံးနီမြန်းတာ မဟုတ်ဘဲ မျက်ခွံဖူးရောင်ပြီး နီတတ်ပါသေးတယ်။ ဒါကို မျက်စိစွံတယ် လို့ အလွယ်မှတ်ယူ ကြပါတယ်။ အမှန်တကယ်တော့ ဘတ်တီးရီးယားနှင့် ဓာတ်မတည့်မှု တစ်ခုခုကြောင့် ဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။ မျက်လုံး တစ်ဖက်နာရင် ကျန်တစ်ဖက်ကိုလည်း ကူးစက်ဖို့ မြန်ဆန်ပါတယ်။ ဒါ့အပြင် တစ်ဦးနဲ့ တစ်ဦးလည်း ကူးစက်ဖို့ လွယ်ကူပါတယ်။ နာနေတဲ့ မျက်စိကို ကိုင်တဲ့ လက်က အခြားသူတစ်ယောက်နဲ့ ထိတွေ့မိရင် မမြင်နိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားများ ကူးစက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် မသန့်ရှင်းတဲ့ လက်နဲ့ မျက်စိကို ကိုင်တွယ် ထိတွေ့ခြင်းမျိုး ရှောင်ကြဉ် သင့်ပါတယ်။ လက်ကို မကြာခဏ စင်ကြယ်အောင် ဆေးကြော ပေးပါ။ ဒါမှ ကူးစက်မှုကို ရှောင်ရှားနိုင်မှာပါ။

ဘတ်တီးရီးယား ပိုးမွှားကြောင့်ပဲ ဖြစ်ဖြစ်၊ ရာသီဥတု အပြောင်းအလဲ ကြောင့်ပဲဖြစ်ဖြစ် မျက်စိနီလာပြီ ဆိုရင် ကု သနိုင် တဲ့ နည်းလမ်းကောင်းလေးတွေ အများကြီး ရှိပါတယ်နော်။ သန့်ရှင်းတဲ့ မျက်နှာသုတ်ပဝါ ကို ရေပူထဲ စိမ်ပြီး အရည်ညစ်လိုက်ပါ။ ခပ်နွေးနွေးဖြစ်နေတဲ့ မျက်နှာသုတ်ပဝါကို မျက်လုံးတစ်ဝိုက် ညင်သာစွာဖိပေးမယ် ဆိုရင် မျက်လုံးနာကျင်ခြင်းကို သက်သာစေနိုင်တာကို တွေ့ရမှာပါ။ အထူးသတိထားရမှာက မျက်လုံးတစ်ဖက်စီ အတွက် မျက်နှာသုတ်ပဝါကို အသုံးပြုရာမှာ သီးသန့်စီ သုံးပေးဖို့ လိုပါတယ်နော်။ တစ်ဖက်နဲ့ တစ်ဖက် ကူးစက်သွားနိုင် တာကြောင့် သန့်ရှင်းမှုကို အလေးထားသင့်ပါတယ်။

တစ်ခုခု ပြောခဲ့ပါဦး

comments