Songkran festival”ဆိုတာက ထိုင်းနှစ်သစ်ကူးပွဲတော်(Thai New Year’s festival)လို့ ဆိုလိုတယ်။

ထိုင်းနှစ်သစ်ကူးပွဲတော် ကျင်းပပုံနဲ့ကျွန်တော်တို့ မြန်မာ့နှစ်သစ်ကူးပွဲတော် ကျင်းပပုံက တူညီတယ်။

မတူညီတာက ရေပက်ကစားပုံ…သူတို့နိုင်ငံရဲ့ရေပက်ကစားပုံက အုပ်စုအလိုက် လမ်းလျှောက်ပြီး ရေပက်ကစားကြပါတယ်။ပြီးတော့ ဆင်များကို လေ့ကျင့်သင်ပြပြီး ရေသဘင်ပွဲတော်၌ပါဝင်ဆင်နွှဲစေတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာသင်္ကြန်​ရေပက်ကစားပုံက ကားများဖြင့် မြို့တွင်းသို့သွားရောက်လည်ပတ်ရ၍ မဏ္ဍပ် များရှိရာသို့ ဦးတည်သွားကြရပါတယ်။

ဘာ့ကြောင့် ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးရေသဘင်ပွဲတော်(Songkran water festival)ဟာ ကမ္ဘာက သိနေသလဲဆိုရင် နိုင်ငံ့စီးပွားရေးအရ နိုင်ငံခြားတိုင်းပြည်က လုပ်ငန်းရှင်များနှင့်ပြည်ပ ခရီးသည်အများအပြားဝင်ရောက်သည့်နိုင်ငံဖြစ်သည်အလျောက် ရေသဘင်ပွဲတော် ဆင်နွှဲပျော်တဲ့ကာလမှာလည်း လမ်းလျှောက်သင်္ကြန်ကြောင့် အားလုံးပါဝင်ဆော့ကစားနိုင်ပြီး ပြုံးပျော်ရွှင်လန်း၍ ချစ်ကြည်ရင်းနှီးမှုကို ပိုပြီးရရှိစေပါတယ်။ဒါ့ကြောင့်မို့ ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်မတိုင်မှီရက်များမှာ ပြည်ပ ခရီးသည်များ ဝင်ရောက်မှုများပြားလာသလို တိုင်းပြည်အတွက်ဝင်ငွေတိုးပွားလာသည့်အပြင် ထိုင်းနိုင်ငံရဲ့ရိုးရာသင်္ကြန်ဟာ ကမ္ဘာကိုလည်း ထိုးဖောက်နိုင်ခဲ့ပါတယ်။

ကျွန်တော်နိုင်ငံရဲ့ ရိုးရာသင်္ကြန်ဟာ မြို့အလိုက် မဏ္ဍပ်အများဆောက်လုပ်ပြီး ကားဖြင့် လည်ပတ်နိုင်မှသာလျှင် သင်္ကြန်ရဲ့အရသာကို ထိ့တွေခံစားရမှာပါ။
ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ရိုးရာသင်္ကြန်ဟာ ကားဖြင့်မလည်ပတ်နိုင်ရင် သင်္ကြန်ဟာ ပြီးဆုံးသွားခဲ့ပေမဲ့ ဘာမှန်းမသိဖြစ်ခဲ့ရပါတယ်။

သူတို့က ကားနဲ့လည်ပတ်နိုင်တယ်..ငါတို့က ကားနဲ့မလည်ပတ်နိုင်ဘူး ဆိုတဲ့ အားငယ်စိတ်တွေလည်း လူငယ်တွေအကြား ဖြစ်ပေါ်စေပါတယ်။

ဖြစ်နိုင်ရင် ကျွန်တော်တို့ရဲ့ ရိုးရာအတာသင်္ကြန် ရေသဘင်ပွဲတော်ကို မြို့နယ် ကျေးရွားဒေသအလိုက် ကားဖြင့်လည်ပတ်ကစားနည်းများကိုဖြေလျော့ပြီး လူအများပါဝင်နိုင်မည့် လမ်းလျှောက်သင်္ကြန်များကို ကျင်းပဖော်ဆောင်စေချင်ပါတယ်။

ကျွန်တော်တို့က ဦးနှောက်ကောင်းရင် ကောင်းသလို.ရိုးရာအတာသင်္ကြန်ကို အားပြုပြီး တိုင်းပြည်အတွက် အပို ဝင်ငွေရရှိအောင် ဖော်ဆောင်လို့လည်းရပါတယ်။

ကျွန်တော်ဆိုလိုတာက ထိုင်းနဲ့တူအောင် တုပခိုင်းတာမဟုတ်ပါဘူး..ကျွန်တော်ဖြစ်စေချင်တာက ထိုင်းထက်သာလွန်အောင် ပြုလုပ်ဖော်ဆောင်ခိုင်းတာပါ။

တစ်ခုခု ပြောခဲ့ပါဦး

comments