ကျောက်ကပ်ဝေဒနာခံစားနေရသည့် ရှမ်းအမျိုးသားအဆိုတော်စိုင်းဆိုင်မောဝ်အတွက် ဆေးကုသမှုများပြုလုပ် နိုင်ရန် စင်ကာပူနိုင်ငံတွင် နေထိုင်သည့် မြန်မာမိသားစု တစ်ခုက မြန်မာငွေကျပ်သိန်း ၃၀၀ ကို ကူညီပေးအပ်ခဲ့ကြောင်း စိုင်းဆိုင်မောဝ်က ၄င်း၏ Facebook တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ကျပ်သိန်း ၃၀၀ ကို ကိုကျော်ကျော်မိုး ကိုမြတ်သူတို့ မှ တဆင့် အိမ်တိုင်ရာရောက် လာရောက်ပေးအပ်သွားခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံတွင် အမြန်ဆုံးကုသမည်ဖြစ်ကြောင်း အလှူရှင် မိသားစုကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းတို့ ကို စိုင်းဆိုင်မောဝ်ကရေးသားခဲ့ကာ အလှူရှင်မိသားစု၏ ဓါတ်ပုံများ လာရောက်ပေးအပ်သူများ၏ပုံများကိုတင်ကာ ပရိသတ်များကို အသိပေးခဲ့သည်။

” စင်္ကာပူနိုင်​ငံ​နေ ဦးကိုကိုထူးနှင့်ဇနီး​ဒေါ်စန္ဒာ​အောင်
သား မင်းသီဟထူး သမီး မဆုသီရိထူး မိသားစုတို့မှ
တေးသံရှင်​စိုင်းဆိုင်​​မောဝ်​ အားကျမ်းမာ​ရေးကုသရန်​အတွက်​ မြန်​မာ​ငွေ သိန်းသုံးရာကျပ်​ကို ကို​ကျော်​​ကျော်​မိုးကိုမြတ်​သူတို့မှတဆင့်​ အိမ်​တိုင်​ရာ​ရောက်​လာ​ရောက်​ကူညီ​ပေးအပ်​သွားပါသည်​…ကျေးဇူးအထူးပင် ရှိပါကြောင်း နတ်​လူသာဓု​ခေါ်​စေ​သောဝ်​…

ထို​ငွေများကိုစိုင်းဆိုင်​​မောဝ်​​ကျောက်​ကပ်​​ရောဂါအားမှန်​​ပြောင်းအသုံးပြု​လေဆာဖြင့်​ကုသသည့်​နည်းဖြင့်​ စင်္ကာပူနိုင်​ငံတွင်​အမြန်​ဆုံးကုသမည်​ဖြစ်​ပါ​ကြောင်း ပရိတ်​သတ်​များအားအသိ​ပေးအပ်​ပါ စိုင်းဆိုင်​​မောဝ် မိသားစု” ဟု ရေးသားဖော်ပြခဲ့သည်။

တစ်ခုခု ပြောခဲ့ပါဦး

comments