သင်္ကြန်​အတွင်းမှာ လူ​တွေ ​ကျွန်​မ မျက်​စိ​ရှေ့မှာ
ဆိုင်​ကယ်​တိုက်​ ကားတိုက်​ မူးရုး​ပြီး ရန်ဖြစ် သတ်ဖြတ်လို့ ​​သေသွားကြတာ များခဲ့ပြီ..

သေခြင်းတရားက အ​ကြောင်းတရား​တွေ အများကြီး ရှိတယ် အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ​သေသွားနိုင်​တယ်

သင်္ကြန်​အတွင်းမှာ ကျမ မ​သေနိုင်​ဘူးလို့ ဘယ်​သူမှ အာမမခံနိုင်​ဘူး မ​ပြောနိုင်​ဘူး

ပျော်​​ပျော်​​နေပြီး ​သေသွားမယ့်​အစား အေး​အေးချမ်းချမ်း​လေး ​သေသွားချင်​တယ်

လူ့ ဘဝက ရခဲတယ်​ သီလရှင်​ဘဝ ရဖို့ လည်း ခဲယဉ်းတယ်​ သင်္ကြန်​ ဆိုတာ အမှန်​​တော့ ဘာမှမဟုတ်​ဘူး

ကုသိုလ်​မရတဲ့အပြင်​ အကုသိုလ်​​တွေနှင့်​ အချိန်​ကုန်​သွားတာပဲ့ များတယ်​..

သင်္ကြန်​အတွင်း ၄ ရက်​ ၅ ရက်​ဆိုတာ ဘာမှမကြာဘူး
ခဏ​လေးပဲ့…

အဲဒီ ၅ ရက်​အတွင်းမှာ ကုသိုလ်​ယူပြီး အချိန်​ကုန်​မှာလား
အကုသိုလ်​ယူပြီး အချိန်ကုန်​မှာလားလို့ 

ကျွန်မကို ကျွန်မ ​​​မေးပြီး ဆုံးဖြတ်​ချက်​ ချလိုက်​ပြီ……

သင်္ကြန်​အတွင်းမှာ ​ပျော်​ကြမယ့်​ သတ္တ၀ါအားလူံးလည်း

ကျန်းမာ ချမ်းသာ ​ဘေးရန်​ အန္တရယ်​ကင်းရှင်းကြပါ​စေလို့ တောင်းဆု​ချွေရင်း…..

သာမန်​ရဟန်း

တစ်ခုခု ပြောခဲ့ပါဦး

comments