ဆီးနိတ်လွှတ်တော်ကို Facebook တည်ထောင်သူ မတ်ဇူကာဘက်တစ်ယောက်ရောက်ရှိလာခဲ့ပြီး စစ်ဆေးခံမှုတွေကို လာရောက်ကြားနာခဲ့ပါတယ်။

တီရှပ်တစ်ထည်နဲ့ အမြဲတွေ့ရတဲ့ ဘီလျံနာကတော့ ရှင်းစရာရှိတာတွေ ရှင်းဖို့အတွက်လူပုံအလယ်ကို ထွက်လာခဲ့ပြီး Facebook က ဘာတွေအလုပ်လုပ်နေလဲ ၊ ဘယ်လိုအခြေအနေတွေဖြစ်နေလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပဲဖြေသွားခဲ့ပါတယ်။

လောလောဆယ် ဖြစ်နေတဲ့ Data ပေါက်ကြားမှုပြဿနာတွေကို ဇူကာဘက်တစ်ယောက် ဖိဖိစီးစီးကိုင်တွယ်မှုတွေ ပြုလုပ်နေခဲ့ပြီး သူ့အနေနဲ့ အခုရက်ပိုင်းအတွင်းမှာ third-party တွေရဲ့ data acess တွေအားလုံးကိုလည်း limit ပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။

အသုံးပြုသူတွေအတွက် privacy ဥပဒေတွေကို အားပေးမယ်

သုံးစွဲသူ နှစ်ဘီလျံကိုရောက်လာတဲ့ Facebook ရဲ့ ဖန်တီးရှင် ဇူကာဘက်ကတော့ မကြာမှီမှာ ပြဌာန်းတော့မယ့်အထွေထွေ အချက်အလက်ကာကွယ်ရေးစည်းမျဉ်း (GDPR) ကို အားပေးသွားမှာဖြစ်ပြီး privacy တွေကို ကာကွယ်မှုတွေကို ထောက်ခံသွားမယ်လို့ ပြောခဲ့ပါတယ်။

Facebook ပေါ်မှာဖြစ်နေသမျှက သူ့တာဝန်

facebook ဟာ စံထားရပြီး ဒေတာတွေကို ကောင်းကောင်းကိုင်နိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး သူတို့ဆီမှာရှိနေတဲ့ API tools တွေနဲ့အတူ လူတွေကို တစ်စုံတစ်ခုမှ ထိခိုက်အောင်မလုပ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ API နဲ့ algorithm တွေဟာ ဒေတာတွေကို ရယူဖို့မဟုတ်ဘဲ ရွေးကောက်ပွဲကာလတွင်းမှာ ပြည်ပရဲ့ ဝင်ရောက်နှောင့်ယှက်မှုတွေ ၊ အမုန်းစကားတွေနဲ့ တစ်ခြားသောဆိုးဝါးတဲ့ ဝါဒဖြန့်မှုတွေကို တားဆီးဖို့သာ အလုပ်လုပ်နေတယ်လို့ လည်း ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ဒီအပေါ်မှာ တာဝန်ယူမှုကို ဖြန့်ကျက်ဖို့ နည်းနည်းပေါ့ဆမိခဲ့ပြီး ဒါတွေက အကြီးမားဆုံး အမှားဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ဒီလိုပဲပြောကြားခဲ့ပါတယ်။

ကျွန်တော့်အမှားပါ ၊ ကျွန်တော်ဝမ်းနည်းမိပါတယ်။ ကျွန်တော် Facebook ကို အစပျိုးခဲ့တယ် ၊ လုပ်ခဲ့တယ် ၊ ဒီနေရာပေါ်မှာ ဖြစ်လာသမျှက ကျွန်တော့်မှာ တာဝန်ရှိပါတယ်။

အမှားတွေကြောင့် #DeleteFacebook လှုပ်ရှားမှုကြီး ဂယက်ထခဲ့ပြီး Facebook ဟာ စတော့ရှယ်ယာဈေးကွက်မှာ ဒေါ်လာ ဘီလျံ ၁၀၀ လောက်အထိ ဆုံးရှုံးခဲ့သလို ဇူကာဘတ်ရဲ့ ကြွယ်ဝမှုကလည်း ဒေါ်လာ ၁၀ ဘီလျံအထိ ထိုးကျသွားခဲ့ပါတယ်။

Facebook က ကြိုတင်ကာကွယ်မှုမှာ ပိုပြီး ကောင်းမွန်လာတယ်
မြန်မာနိုင်ငံထဲက hate speech တွေကို ဖယ်ရှားဖို့ မြန်မာစကားတတ်ကျွမ်းတဲ့ review staff တွေကိုအင်အားဖြည့်သွားမယ်

ဇူကာဘက်အနေနဲ့ ၉၉ ရာနှုန်းသော ISIS ပို့စ်တွေကို AI စနစ်နဲ့ တွန်းလှန်နိုင်ခဲ့ပြီး သူတို့ရဲ့ ကာကွယ်မှု AI စနစ်က ပိုအလုပ်ဖြစ်လာတယ်လို့ ပြောပါတယ်။ Facebook ဧရိယာရဲ့ အတော်များများကို ဒီစနစ်ကို ဖြန့်ကျက်နေတယ်လို့လည်း ပြောပါတယ်။ Facebook ဟာ အရင်နှစ်အကုန်ပိုင်းမှာ review staff အတွက် လူအင်အား ၁၅၀၀၀ ကနေ ၂၀၀၀၀ အထိလည်း ထပ်ပြီး တိုးချဲ့ခန့်ထားခဲ့ပါတယ်။ ကုလသမဂ္ဂက သူတို့ကို မေးခွန်းထုတ်နေတဲ့ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ လူမျိုးစုပြဿနာပေါ် ကိုင်တွယ်မှုတွေအတွက်လည်း မြန်မာဘာသာကို ရေရေလည်လည် နားလည်မယ့် native speaker တွေကို အသုံးပြုပြီး hate speech တွေကို ဖယ်ရှားသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ကြော်ငြာတွေအတွက် မိုက်ခရိုဖုန်းအသံဖိုင်တွေကို Facebook က နားထောင်နေလား??

ဒါကိုတော့ ဇူကာဘက်က ဒါတွေက သတင်းတုတွေ ၊ နာမည်ဖျက်တာတွေသာဖြစ်ပြီး သူတို့အနေနဲ့ ဒါမျိုးမလုပ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ ” ဒါက ကောလဟလတွေသာဖြစ်ပြီး မိုက်ခရိုဖုန်းကိုတော့ နားမထောင်ပါဘူး။ Facebook အနေနဲ့ ဗီဒီယိုတင်တဲ့အခါ အသံတွေပါ မပါကိုသာ စစ်ဆေးပေးလေ့ရှိပါတယ်။ တင်တဲ့ဗီဒီယိုမှာ အသံပါမပါကိုပေါ့ ၊ ဒါကလည်း ပိုကောင်းအောင် ပေးတဲ့ ဝန်ဆောင်မှုပေါ့ ၊ ဒါကရှင်းပါတယ်၊ ” လို့ ဇူကာဘက်က ပြောပါတယ်။

Ref: Digital Trends, Engadget

တစ်ခုခု ပြောခဲ့ပါဦး

comments