ဧပြီ 12 ရက်နေ့ 12:25 အချိန်​ခန့်တွင် မိုး​ကောင်းမြို့နယ်​၊ နမ္မတီးမြို့၊ သူ​ဌေးကုန်း​ကျေးရွာ၊ ရွာမရပ်​ကွက်​​နေ ဦးစိုး​မောင်​ ၏​နေအိမ်​ဝင်း ဝါးရုံ​ပေါ်သို့ လက်​နက်​ကြီးကျည်​တစ်​လုံး ကျ​ရောက်​​ပေါက်​ကွဲရာ အနီးတွင်​လှန်​ထား​သော ခိုင်းနွားတစ်​​ကောင်​ ကျည်​စထိမှန်​ ​သေဆုံးပြီးကောက်​ရိုးတဲအား မီးစွဲ​လောင်​ကျွမ်းခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ကပ်​လျက်​ရှိ ဦးခိုင်​လွင်​ အိမ်​နှင့်​ အခြားအိမ်​တစ်​လုံးတို့လည်း လက်​နက်​ကြီးကျည်​စများ ထိမှန်​ခဲ့သည့်​အပြင်​ နှစ်​အိမ်​​ကျော်​မှ ဦးအောင်​မင်း​+ဒေါ်ရွှေစင်​ မိသားစု အိမ်​ကိုလည်း လက်​နက်​ကြီးကျည်​စ ​ဖောက်​ဝင်​ခဲ့ရာ ​ဒေါ်​ရွှေစင်​အနီးမှ နီးကပ်​စွာဖြတ်​၍ အိမ်​တံခါးသို့ထိမှန်​ခဲ့ကြောင်း သိရသည်။

လူတစ်​ဦးမျှ ထိခိုက်​ဒဏ်​ရာမရရှိပါ။ အခင်းဖြစ်​​နေရာမှ မိသားစုများ သူ​ဌေးကုန်းဘုန်းကြီး​ကျောင်းသို့ထိတ်​လန့်​တိမ်း​ရှောင်​ခဲ့ကြသည်။ အခင်းဖြစ်​ပွားသည့်​နေရာသို့ တာဝန်​ရှိသူ စစ်​ဖက်​၊ နယ်​ဖက်​၊ အရပ်​ဖက်​အဖွဲ့များမှ သွား​ရောက်​ကြည့်​ရှု ကူညီ​ပေးလျက်​ရှိပါတယ်။

တစ်ခုခု ပြောခဲ့ပါဦး

comments