သာသနာ့ရိပ်​သာသည်​ ဖာရုံမဟုတ်​ပါ
===========================

စကားလုံးက ရင့်​တယ်​၊ ရိုင်းတယ်​ ။
ရင့်​မှ ရိုင်းမှ တန်​ကာကျမယ်​ထင်​လို့ပါ ။

သမီး​လေး​ရေ
မိမဆုံးမ ဖမဆုံးမ​လေး​ရေ
သမီးက တရားစခန်းဝင်​တာကွဲ့ ။
ဖာသည်​ရုံ သွားတာမဟုတ်​ဘူး ။

သမီး​လေး​ရေ
တရားထူးတရားမြတ်​ကို
အလှူဒါနပြုလုပ်​ရုံနဲ့မရဘူး ။
တရားအားထုတ်​မှ ရတာ ။

သမီး​လေးတို့ ​ယောဂီ​တွေ
တရားဘာဝနာ​အေး​ဆေးအားထုတ်​လို့ရ​အောင်
အလှူရှင်​မျိုးစုံက လှူဒါန်းကြတယ်​ ။

သမီး​လေး ဆယ်​လီဖြစ်​ဖို့
ယောဂီဝတ်​စုံကြီး​တွေနဲ့ မလုပ်​ပါနဲ့ကွယ်​ ။
အမျိုးကိုတန်​ဖိုးထားပါ ။
ဘာသာ သာသနာကိုတန်​ဖိုးထားပါ ။

ဆန္ဒကို သိက္ခာနဲ့ထိန်းပါ ။

ရွပိုးထိုးချင်​တယ်​ဆိုရင်​လည်း
သာမန်​အဝတ်​အစား ရွပိုးထိုးပါ ။

ဆယ်​လီဖြစ်​ချင်​တယ်​ဆိုရင်​လည်း
အဝတ်​အစားမပါတဲ့ပုံ​တွေတင်​ပါ
အဝတ်​အစားမပါဘဲ live လွှင့်​ပါ ။

လူလို့သာ​ခေါ်ရတာ စိတ်​ဓာတ်​က
အချို့ တိရစ္ဆာန်​​တွေ​လောက်​​တောင်​မမြင့်​ကြဘူး ။

လုပ်​သင့်​၏ မလုပ်​သင့်​၏ ဆိုတာ​လောက်​​တောင်
သမီး​လေး မ​တွေးမိဘူးလားကွယ်​ ။

ဘာသာ သာသနာကို တန်​ဖိုးထားတဲ့
မိဘစကားနား​ထောင်​တဲ့ သမီး​အလိမ္မာ​လေးဆိုရင်
ယခုလိုမလုပ်​ဘူးလို့ ထင်​ပါတယ်​ ။

သမီး​လေး​ရေ ​ရွှေမင်းဝံဆိုတာ ဖာရုံမဟုတ်​ဘူးကွဲ့ ။
သာသနာ့ရိပ်​သာပါ ။

စိုင်း သူ ရ

တစ်ခုခု ပြောခဲ့ပါဦး

comments