ဥပုသ်စောင့်တဲ့အမေကြီးကိုမှ တိုက်သွားတဲ့ဆိုင်ကယ်အမေကြီးက နွားထိုးကြီးမြို့နယ်ထဲက ရွာတစ်ရွာကပါ ဒီနေ့မနက်ဥပုသ်စောင့်ပြီးအပြန် ဆိုင်တစ်စီးကတိုက်သွားတာကြောင့် မျက်နှာနဲ့မေးရိုးမှာဒဏ်ရာတွေရသွား ရှာပါတယ်။

အမေကြီးဒဏ်ရာရပြီး ခင်ပွန်းသည်အဘနဲ့ မန္တလေးဆေးရုံကြီးရောက်လာရှာပါတယ်။အဘကလဲ အသက်ကြီးဘာမှလဲမလုပ်တတ်၊ပိုက်ဆံလဲမပါခဲ့တာကြောင့် ကျွန်တော်တို့ကလိုက်ပါကူညီခဲ့ပြီးထမင်း
ပါကျွေးခဲ့ပါတယ်။

ဆရာဝန်များက ပြုစုကုသပေးပြီးရွာပြန်ရန်အတွက် မဏီစာလအသင်းနဲ့ချိတ်ဆက်ပေးခဲ့ရာ မဏီစာလအသင်းမှ အခမဲ့ပို့ဆောင်ပေးခဲ့ပါတယ်။
အမေကြီး ၂၅ ရက်နေ့ဆေးရုံပြန်လာပြရန်အတွက်အလှုငွေငါးသောင်းကျပ်ပေးလှုခဲ့ပါတယ်။

အလှုရှင်မှာ ကိုစိုင်းသီဟထွန်း+မနှင်းအိခိုင် သားဇွဲသီဟနိုင်မိသားစု
မှ ကွယ်လွန်သူဖခင်ကြီး ၃ နှစ်ပြည့်ကုသိုလ်အဖြစ်လှုဒါန်းခြင်းဖြစ်ပါသည်။

ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့
ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈
( မန္တလေးမြို့ )

တစ်ခုခု ပြောခဲ့ပါဦး

comments