နိုင်ငံကျော် သျှမ်းအဆိုတော် စိုင်းဆိုင်မောဝ် အသက် ရ၀ နှစ်သည် အသည်း၊ကျောက်ကပ်၊သွေးတိုးရောဂါနှင့် သွေးကြောပိတ်ရောဂါ ဝေဒနာဖြစ်ပွါးကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆုခွန်ဝစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။

ဧပြီလ ၁ ရက်နေ့ကတည်းက ဆေးရုံတက်ဆေး ကုသမှုခံယူနေခြင်းဖြစ်ကြောင်း လိုက်ပါပြုစုနေသူ စိုင်းဆေတိုင်းကပြောသည်။

ဘယ်တော့ဆင်းရမလဲဆိုတာတော့ ကျနော်တို့မပြောနိုင်သေးဘူး ။ ဆရာဝန်ကဘာမှမပြောသေးဘူး။ ခု သွေးတိုးတွေဘာတွေတော့မရှိတော့ဘူး။ ကိုယ်လက်လေ့ကျင့်ခန်းတွေကိုဆေးရုံကပုံမှန်လုပ်ပေးနေတယ်။ ဘန်ကောက်ရောက်နေတဲ့ သျှမ်းမိသားစုတွေ ၊ စာသင်သံဃာတော်တွေတော့ လာရောက်အားပေးကြတယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

စိုင်းဆိုင်မောဝ်သည် ပြီးခဲ့သည့်မတ်လကတည်းက ကျန်းမာရေးချို့တဲ့နေကြောင်း စိုင်းဆေတိုင်းကပြောသည်။
စိုင်းဆိုင်မောဝ်သည် မူစယ်မြို့နေ ဦးစိုင်းဘခိုင်နှင့် နန်းအေးစိန်တို့မှ မွေးဖွားသည့် သားသမီး ၆ ဦးအနက် စတုထ္တမြောက်သားဖြစ်ပါသည်။ ၁၉၄၉ခုနှစ် မတ်လ ၁၈ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၆၀ ခုနှစ် ကစပြီး သျှမ်းသီချင်းများကို တိတ်ခွေတွင်အသံသွင်းကာ စတင်ဖြန့်ချီခဲ့ရာမှ ယနေ့တိုင် တေးသီချင်းများသီဆိုနေဆဲဖြစ်ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments